Blog2017-11-22T21:55:32+00:00
1811, 2017

Sakura Hospital မှာ အကြောအဆစ် နှင့် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာန ရှိပြီနော်

ဆာကူရာဆေးရုံ မှ အသစ်ဖွင့်လှစ်လိုက်သော အကြောအဆစ် နှင့် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာန (Physiotherapy Department) တွင် အရိုးအဆစ်နှင့် ပတ်သက်သော ဝေဒနာများ၊ အာရုံကြော နှင့် ပတ်သက်သော ဝေဒနာများ၊ အားကစား နှင့် ထိခိုက်ဒဏ်ရာရသူများ အတွက် ခေတ်မီစက်ပစ္စည်းများ၊ ခေတ်မီကုထုံးများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ၂၀၁၇ နှစ်သစ်မှစ၍ အထူးဝန်ဆောင်မှုပေးနေပါပြီ။ ကုသနိုင်သောရောဂါများ အရိုးအဆစ်နှင့် ပတ်သက်သော ရောဂါများ  အရိုးကျီးပေါင်းတက်ရောဂါများ ( လည်ပင်းကျီးပေါင်းတက်ခြင်း၊ ခါးကျီးပေါင်းတက်ခြင်း၊ [...]

1811, 2017

ကိုယ်အလေးချိန်တိုးရင် ဘယ်လိုရောဂါတွေ ဖြစ်နိုင်ပါသလဲ

သင် နှင့် သင့် မိသားစု အတွက် ကျန်းမာရေး သည် အရေးကြီးပါသည်။ ကိုယ်အလေးချိန် တိုးရင် ဘယ်လိုရောဂါ တွေ ဖြစ်နိုင်ပါသလဲ အဆီတွေ က ကျန်းမာရေး ကို ထိခိုက်စေတယ် သွေးတိုးရောဂါ ဆီးချိုရောဂါ  နှလုံးရောဂါ  လေဖြတ်ရောဂါ  အူကင်ဆာ အမျိုးမျိုး  ဂေါက်ရောဂါ စိတ်ကျရောဂါ နှင့် အခြားရောဂါများ အလွယ်တကူ ဖြစ်လာနိုင်ပါသည်။ ၁ဝ % ကိုယ်အလေးချိန် လျှော့ရင် ဘာအကျိုးရှိမလဲ။ [...]

1811, 2017

သတင်းကောင်း

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များ အားဆာကူရာဆေးရုံတွင် အခမဲ့ခွဲစိတ်ကုသပေး လျက်ရှိပါသည်။ အစီအစဉ်များ အဆင်ပြေချောမွေ့စေရန် အတွက် တနင်္လာနေ့ မှ သောကြာနေ့ မနက် ၉ နာရီ မှ ညနေ ၄ နာရီ အတွင်း ဆာကူရာဆေးရုံ ၏ Hot Line Phone Number ၀၁- ၅၁၂ ၆၆၈ သို့ အရင်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ ဆာကူရာဆေးရုံ အမှတ် (၂၃)၊ ရှင်စောပုလမ်း၊ [...]

1811, 2017

ဂျိုင်းအောက် ဓာတ်ငွေ့မဲ့ ခွဲစိတ်နည်းပညာ (Gasless Transaxillary Thyroidectomy)

လည်ပင်းကြီး(သိုင်းရွိုက်အကြိတ်)ရောဂါသည် အဖြစ်များသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသမီးများတွင် ပို၍အဖြစ်များတတ်ပြီး များသောအားဖြင့် ခွဲစိတ်ကုသမှသာ ပျောက်ကင်းသောရောဂါလည်း ဖြစ်ပါသည်။ သို့ရာတွင် ခွဲစိတ်ကုသပြီးနောက် ကျန်ရစ်ခဲ့သော လည်ပင်းမှ ကန့်လန့်ဖြတ်အမာရွတ်ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ခံစားရပြီး လူမှုဆက်ဆံရေးတွင်ပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ သမရိုးကျခွဲစိတ်နည်းပညာ (Conventional Thyroidectomy)၊ သေးငယ်သောခွဲကြောင်းမှ ခွဲစိတ်သော နည်းပညာ (Mini-incision Thyroidectomy) တို့သည် လည်ပင်းကို တိုက်ရိုက် ခွဲစိတ်ဝင် ရောက်သော နည်းပညာများဖြစ်သဖြင့် အလွန်သေးငယ်သော [...]

1811, 2017

ဆာကူရာဆေးရုံ မှ CEO ဒေါက်တာဦးထင်ပေါ် မှ မြိတ်မြို့ ရှိ ပုဂ္ဂလိကဆေးရုံ တွင် လူနာများအရေးပေါ် အခြေအနေတွင် ပြုလုပ်သင့်သော ကုသမှုများ ကို ဟောပြောပေးနေပုံများ

ဆာကူရာဆေးရုံ မှ CEO ဒေါက်တာဦးထင်ပေါ် မှ မြိတ်မြို့ ရှိ ပုဂ္ဂလိကဆေးရုံ များ မှ တာဝန်ကျ ဆရာဝန်၊ ဆရာမ များ အား လူနာများအရေးပေါ် အခြေအနေတွင် ပြုလုပ်သင့်သော ကုသမှုများ ကို ဟောပြောပေးနေပုံများ

1811, 2017

ရန်ကုန်မြို့ ဆာကူရာဆေးရုံ မှ ခွဲစိတ်အထူးကု ဆရာဝန်ကြီးသည် မြိတ်မြို့ သို့သွားရောက်၍ လူနာများအား အခမဲ့ စမ်းသပ်ကြည့်ရှုပေးခြင်း

ရန်ကုန်မြို့ ဆာကူရာဆေးရုံ မှ ခွဲစိတ်အထူးကု ဆရာဝန်ကြီး များဖြစ်သော ဒေါက်တာဦးကျော်ဇင် နှင့် ဒေါက်တာဦးလွှမ်းမိုးထက် တို့သည် မြိတ်မြို့ ဒက္ခိဏဒီပါ ဆေးရုံ သို့သွားရောက်၍ လူနာများအား အခမဲ့ စမ်းသပ်ကြည့်ရှုပေးခြင်း၊ အခမဲ့ ခွဲစိတ်ပေးခြင်း များ ပြုလုပ်နေပုံများ