သင် နှင့် သင့် မိသားစု အတွက် ကျန်းမာရေး သည် အရေးကြီးပါသည်။

ကိုယ်အလေးချိန် တိုးရင် ဘယ်လိုရောဂါ တွေ ဖြစ်နိုင်ပါသလဲ

အဆီတွေ က ကျန်းမာရေး ကို ထိခိုက်စေတယ်

သွေးတိုးရောဂါ
ဆီးချိုရောဂါ
နှလုံးရောဂါ
လေဖြတ်ရောဂါ
အူကင်ဆာ အမျိုးမျိုး
ဂေါက်ရောဂါ
စိတ်ကျရောဂါ နှင့် အခြားရောဂါများ အလွယ်တကူ ဖြစ်လာနိုင်ပါသည်။

၁ဝ % ကိုယ်အလေးချိန် လျှော့ရင် ဘာအကျိုးရှိမလဲ။ သေပျောက်မှု လျှော့ချပေးမယ်

– အဝလွန်ခြင်းကြောင့် ဖြစ်သော သေဆုံးမှု စုစုပေါင်း ၏ ၂ဝ % ကျော်လျှော့ချပေးမယ်။

– ဆီးချိုဆိုင်ရာ သေဆုံးမှု၏ ၃ဝ % ကျော် လျှော့ချပေးမယ်။

– အဝလွန်ခြင်းကြောင့် ဖြစ်သော ကင်ဆာရောဂါ အမျိုးမျိုး ၏ ၄၀ % ကျော်လျှော့ချပေးမယ်။

သွေးတိုးရောဂါ
အထက်သွေး ၁ဝ mmHg လျော့ကျလာမယ်။
အောက်သွေး ၂ဝ mmHg လျော့ကျလာမယ်။
ဆီးချိုရောဂါ
သွေးတွင်း သကြားဓာတ် ပမာဏ ၃ဝ – ၅ဝ % လျော့ကျလာမယ်။
သွေးတွင်း အဆီဓာတ်များသူများ သွေးတွင်း အဆီဓာတ် သိသိသာသာ လျော့ကျလာမယ်။
သွေးတွင်း ကိုလက်စတြောဓာတ် ၁ဝ % လျော့ကျလာမယ်။
ကိုယ်အလေးချိန် လျှော့ချရေး ဗျူဟာ
ဗျူဟာ (၁)

ကိုယ်အလေးချိန် အရင်ချပါ။ ကျန်းမာရေး ကို ဦးစားပေး၊ အလှအပ ကို နောက်မှာထားပါ။

ဗျူဟာ (၂)

ကျန်းမာသော နေထိုင်စားသောက်မှု ပုံစံ ကို အာရုံစိုက်ပါ။ အစား လျှော့စားခြင်းသည် ရေရှည်တွင် အောင်မြင်ခဲပါသည်။

ဗျူဟာ (၃)

တစ်နေ့လျှင် အမယ်စုံစားရသည့် စနစ် ကို ရွေးချယ်သင့်ပါသည်။ ကစီဓာတ်၊ အသားဓာတ်၊ ဟင်းသီးဟင်းရွက်၊ နို့ နှင့် နို့ထွက် ပစ္စည်း စသည့် ဓာတ်များပါဝင်ရပါမည်။ အဆီ၊ ဆီ၊ သကြား နှင့် ဆား လျှော့စားပါ။

ဗျူဟာ (၄)

ကြိုက်နှစ်သက်သော လေ့ကျင့်ခန်း ကို နေ့တိုင်း ပုံမှန် ပြုလုပ်ပေးပါ။ မိနစ်(၃ဝ) ကြာအောင် ဆက်တိုက် ပြုလုပ်ရန် ကျွမ်းကျင်နည်းပြဆရာများက လမ်းညွှန်ထားပါသည်။ လေ့ကျင့်ခန်း စတင် မပြုလုပ်မီ သင်၏ ဆရာဝန် နှင့် ပြသတိုင်ပင် ဆွေးနွေးပါ။

ဗျူဟာ (၅)

အာဟာရ ကို စနစ်တကျ စားသုံးတတ်စေရန် နှင့် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ကို စနစ်တကျ လုပ်တတ်နိုင်ရန် အတွက် နားလည်တတ်ကျွမ်းသော ဆရာဝန်များ နှင့် ဆွေးနွေး တိုင်ပင် အကြံဉာဏ် ရယူသင့်ပါသည်။

” သင့် မိသားစု ကျန်းမာရေး အတွက် စိတ်ချရသည်မှာ ဆာကူရာ ”

အမှတ်(၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ဖုံး – ၀၁ ၅၁၂၆၆၈