ကိုယ်ဝန်ဆောင်မိခင်ပဲဖြစ်ဖြစ် အခုမှကိုယ်ဝန်ဆောင်ဖို့ကြိုးစားနေတဲ့အမျိုးသမီးတွေပဲဖြစ်ဖြစ် ခန္ဒာကိုယ်မှာဖောလစ်အက်စစ်လုံလုံလောက်လောက် ရှိဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် ဖောလစ်အက်စစ်က neural tube defects (NTDs) လို့ခေါ်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှုမမှန်တဲ့ပြဿနာတွေ၊ ပင်မအာရုံကြောစနစ် ဖွံ့ဖြိုးမှုမမှန်တဲ့ ပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးလို့ပဲဖြစ်ပါတယ်။ 💪💪

ဒီလိုအာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေက ကိုယ်ဝန်ဆောင်အစောပိုင်းအချိန်တွေမှာ ဖြစ်လေ့ရှိတာမို့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်မရခင်ကတည်းက ဖောလစ်အက်စစ်ကို စတင်သောက်သုံးဖို့ လိုအပ်တာဖြစ်ပါတယ်။ လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ပထမ ၃လ အတွင်းမှာသတ်မှတ်ထားတဲ့ ဖောလစ်အက်စစ်ပမာဏသောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ အာရုံကြောဖွံ့ဖြိုးမှုပြဿနာတွေဖြစ်နိုင်ခြေကို ၇၀% လောက်အထိ လျှော့ချပေးနိုင်တာကို တွေ့ရတယ်လို့ဆိုပါတယ်။ နောက်ပြီး ဖောလစ်အက်စစ်က သန္ဓေသားနဲ့အချင်း ကြီးထွားမှုအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ 👶👶

ဖောလစ်အက်စစ်ဆိုတာ ဗီတာမင် ဘီ အမျိုးအစားတစ်မျိုးဖြစ်ပြီး အစားအစာထဲမှာပါဝင်ရင် folate လို့ခေါ်ပြီး သောက်ဆေးအနေနဲ့ ထုတ်လုပ်ထားရင် ဖောလစ်အက်စစ်လို့ခေါ်ဆိုပါတယ်။ ဖောလစ်အက်စစ်ကြွယ်ဝတဲ့အစားအစာတွေကတော့ ထောပတ်သီး၊ ပဲအခြောက်၊ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ကညွတ်၊ ခရမ်းချဉ်သီးဖျော်ရည်၊ ငှက်ပျောသီး၊ မြေပဲ၊ စီရီရယ်၊ ပါစတာ၊ ထမင်း၊ ပေါင်မုန့် တို့ဖြစ်ပါတယ်။ 🥦🍅🥝🥗

ဖောလစ်အက်စစ်ချို့တဲ့ရင် မွေးကင်းစကလေးမှာ အာရုံကြောဖွံ့ဖြိုးမှုပြဿနာတွေတင်မကပဲ စောမွေးတာ၊ မွေးလာရင် ပေါင်ချိန်မပြည့်တာ၊ မိခင်မှာဆိုလည်း သွေးအားနည်းတာ၊ မွေးဖွားစဉ်မှာမွေးလမ်းကြောင်းပိုးဝင်တာ စတဲ့ပြဿနာတွေ ကြုံရနိုင်ပါတယ်။ ဒ့ါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်ရက်ကို ဖောလစ်အက်စစ် ၄၀၀ မီလီဂရမ်သောက်သုံးဖို့လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းထားတာဖြစ်ပါတယ်။ သို့ပေမဲ့ ကိုယ်ဝန်က အမွှာဖြစ်နေတာ ဒါမှမဟုတ် မိခင်မှာဆီးချိုရောဂါရှိတာ လိုထူးခြားတဲ့အခြေအနေတစ်ခုခုရှိနေမယ်ဆို ဖောလစ်အက်စစ်ပုံမှန်ထပ်ပိုလိုအပ်မှာဖြစ်ပါတယ်။ ဒ့ါကြောင့် မိမိမှာကိုယ်ဝန်ရှိလာပြီဆိုတာနဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ အမြန်ဆုံးပြသကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ 👩‍⚕️👨‍⚕️

အခုလို ကျန်းမာရေးဆောင်းပါးလေးတွေ ပုံမှန်ဖတ်ရှုချင်တယ်ဆိုရင် ဆာကူရာဆေးရုံရဲ့ facebook page ကို like & see first လုပ်ထားဖို့မမေ့နဲ့နော်😊😊
#SakuraHospital_Myanmar
#Healthknowledge_Importanceoffolicacidinpregnancy
———————————————————————————————————————
“သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ”
ဆက်သွယ်ရန်ဖုန်း – 01512668,01512669,09424 405 952,09424 405 953
📧Email – info@sakura.hospital
🖥Website : www.sakurahospital.com.mm
🏥ဆာကူရာဆေးရုံ – အမှတ်(၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။