ဆာကူရာဆေးရုံ မှ အသစ်ဖွင့်လှစ်လိုက်သော အကြောအဆစ် နှင့် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာန (Physiotherapy Department) တွင် အရိုးအဆစ်နှင့် ပတ်သက်သော ဝေဒနာများ၊ အာရုံကြော နှင့် ပတ်သက်သော ဝေဒနာများ၊ အားကစား နှင့် ထိခိုက်ဒဏ်ရာရသူများ အတွက် ခေတ်မီစက်ပစ္စည်းများ၊ ခေတ်မီကုထုံးများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ၂၀၁၇ နှစ်သစ်မှစ၍ အထူးဝန်ဆောင်မှုပေးနေပါပြီ။

ကုသနိုင်သောရောဂါများ

အရိုးအဆစ်နှင့် ပတ်သက်သော ရောဂါများ
အရိုးကျီးပေါင်းတက်ရောဂါများ ( လည်ပင်းကျီးပေါင်းတက်ခြင်း၊ ခါးကျီးပေါင်းတက်ခြင်း၊ ဒူးကျီးပေါင်းတက်ခြင်း)
ဖနောင့်အတက်ထွက်ခြင်း
ခြေသပွတ်တိုင်လည်ခြင်း
အဆစ်အမြစ်ရောင်ခြင်း
ပခုံးကပ်ခြင်း
အားကစားလုပ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း
အသက်ကြီးရောဂါကြောင့် သွားလာရခက်ခဲခြင်း
အရိုးကျိုးပြီးနောက် သွားလာလှုပ်ရှားမှု ခက်ခဲခြင်း
အာရုံကြော နှင့် ပတ်သက်သော ရောဂါများ
ဦးနှောက် နှင့် အာရုံကြော ထိခိုက်အားနည်းခြင်း ကြောင့် ခြေလက် မသန်စွမ်းခြင်း
လေဖြတ်ခြင်း ( Stroke)/ ကိုယ်တစ်ပိုင်းသေခြင်း ( Paraplegia)
သက်ကြီးရောဂါကြောင့် လှုပ်ရှားသွားလာရခက်ခဲခြင်း

Opening Hour

Monday to Saturday ( 9 am to 5 pm)

Hot Line: 01- 512 668

Email : sakuraunique@gmail.com, info@sakura.hospital

Website : www.sakurahospital.com.mm

ဆာကူရာဆေးရုံ – အမှတ်(၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။