About admin

This author has not yet filled in any details.
So far admin has created 56 blog entries.

Sakura Hospital မှာ အကြောအဆစ် နှင့် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာန ရှိပြီနော်

ဆာကူရာဆေးရုံ မှ အသစ်ဖွင့်လှစ်လိုက်သော အကြောအဆစ် နှင့် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာန (Physiotherapy Department) တွင် အရိုးအဆစ်နှင့် ပတ်သက်သော ဝေဒနာများ၊ အာရုံကြော နှင့် ပတ်သက်သော ဝေဒနာများ၊ အားကစား နှင့် ထိခိုက်ဒဏ်ရာရသူများ အတွက် ခေတ်မီစက်ပစ္စည်းများ၊ ခေတ်မီကုထုံးများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ၂၀၁၇ နှစ်သစ်မှစ၍ အထူးဝန်ဆောင်မှုပေးနေပါပြီ။ ကုသနိုင်သောရောဂါများ အရိုးအဆစ်နှင့် ပတ်သက်သော ရောဂါများ အရိုးကျီးပေါင်းတက်ရောဂါများ ( လည်ပင်းကျီးပေါင်းတက်ခြင်း၊ ခါးကျီးပေါင်းတက်ခြင်း၊ ဒူးကျီးပေါင်းတက်ခြင်း) ဖနောင့်အတက်ထွက်ခြင်း ခြေသပွတ်တိုင်လည်ခြင်း အဆစ်အမြစ်ရောင်ခြင်း ပခုံးကပ်ခြင်း အားကစားလုပ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း အသက်ကြီးရောဂါကြောင့် သွားလာရခက်ခဲခြင်း အရိုးကျိုးပြီးနောက် သွားလာလှုပ်ရှားမှု ခက်ခဲခြင်း အာရုံကြော နှင့် ပတ်သက်သော ရောဂါများ ဦးနှောက် နှင့် အာရုံကြော ထိခိုက်အားနည်းခြင်း [...]

Sakura Hospital မှာ အကြောအဆစ် နှင့် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာန ရှိပြီနော်2020-03-19T02:50:54+00:00

ကိုယ်အလေးချိန်တိုးရင် ဘယ်လိုရောဂါတွေ ဖြစ်နိုင်ပါသလဲ

သင် နှင့် သင့် မိသားစု အတွက် ကျန်းမာရေး သည် အရေးကြီးပါသည်။ ကိုယ်အလေးချိန် တိုးရင် ဘယ်လိုရောဂါ တွေ ဖြစ်နိုင်ပါသလဲ အဆီတွေ က ကျန်းမာရေး ကို ထိခိုက်စေတယ် သွေးတိုးရောဂါ ဆီးချိုရောဂါ နှလုံးရောဂါ လေဖြတ်ရောဂါ အူကင်ဆာ အမျိုးမျိုး ဂေါက်ရောဂါ စိတ်ကျရောဂါ နှင့် အခြားရောဂါများ အလွယ်တကူ ဖြစ်လာနိုင်ပါသည်။ ၁ဝ % ကိုယ်အလေးချိန် လျှော့ရင် ဘာအကျိုးရှိမလဲ။ သေပျောက်မှု လျှော့ချပေးမယ် - အဝလွန်ခြင်းကြောင့် ဖြစ်သော သေဆုံးမှု စုစုပေါင်း ၏ ၂ဝ % ကျော်လျှော့ချပေးမယ်။ - ဆီးချိုဆိုင်ရာ သေဆုံးမှု၏ ၃ဝ % ကျော် လျှော့ချပေးမယ်။ - အဝလွန်ခြင်းကြောင့် [...]

ကိုယ်အလေးချိန်တိုးရင် ဘယ်လိုရောဂါတွေ ဖြစ်နိုင်ပါသလဲ2020-03-17T05:03:37+00:00

သတင်းကောင်း

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များ အားဆာကူရာဆေးရုံတွင် အခမဲ့ခွဲစိတ်ကုသပေး လျက်ရှိပါသည်။ အစီအစဉ်များ အဆင်ပြေချောမွေ့စေရန် အတွက် တနင်္လာနေ့ မှ သောကြာနေ့ မနက် ၉ နာရီ မှ ညနေ ၄ နာရီ အတွင်း ဆာကူရာဆေးရုံ ၏ Hot Line Phone Number ၀၁- ၅၁၂ ၆၆၈ သို့ အရင်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ ဆာကူရာဆေးရုံ အမှတ် (၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ Hot Line : 01- 512 668

သတင်းကောင်း2020-03-17T05:05:37+00:00

ဂျိုင်းအောက် ဓာတ်ငွေ့မဲ့ ခွဲစိတ်နည်းပညာ (Gasless Transaxillary Thyroidectomy)

လည်ပင်းကြီး(သိုင်းရွိုက်အကြိတ်)ရောဂါသည် အဖြစ်များသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသမီးများတွင် ပို၍အဖြစ်များတတ်ပြီး များသောအားဖြင့် ခွဲစိတ်ကုသမှသာ ပျောက်ကင်းသောရောဂါလည်း ဖြစ်ပါသည်။ သို့ရာတွင် ခွဲစိတ်ကုသပြီးနောက် ကျန်ရစ်ခဲ့သော လည်ပင်းမှ ကန့်လန့်ဖြတ်အမာရွတ်ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ခံစားရပြီး လူမှုဆက်ဆံရေးတွင်ပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ သမရိုးကျခွဲစိတ်နည်းပညာ (Conventional Thyroidectomy)၊ သေးငယ်သောခွဲကြောင်းမှ ခွဲစိတ်သော နည်းပညာ (Mini-incision Thyroidectomy) တို့သည် လည်ပင်းကို တိုက်ရိုက် ခွဲစိတ်ဝင် ရောက်သော နည်းပညာများဖြစ်သဖြင့် အလွန်သေးငယ်သော ခွဲကြောင်းရာပင်ဖြစ်သော်လည်း အမာရွတ်တက်လာပါက အရုပ်ဆိုးပြီး အလှပျက်စေနိုင်သည်။ အထူးသဖြင့် အမာရွတ်ပွားနှုန်းပိုများသူများ (Keloid Tendancy ရှိသူများ) တွင် ပို၍ဆိုးတတ်ပါသည်။ ထို့ကြောင့် လည်ပင်းတွင်အမာရွတ် မကျန်ရစ်စေရန် လည်ပင်းမှတိုက်ရိုက်ခွဲစိတ်သော နည်းပညာများအစား ဂျိုင်းကြားမှတစ်ဆင့် ဝင်ရောက်ခွဲစိတ်သော နည်းပညာ (Transaxillary [...]

ဂျိုင်းအောက် ဓာတ်ငွေ့မဲ့ ခွဲစိတ်နည်းပညာ (Gasless Transaxillary Thyroidectomy)2020-03-17T05:08:23+00:00

ဆာကူရာဆေးရုံ မှ CEO ဒေါက်တာဦးထင်ပေါ် မှ မြိတ်မြို့ ရှိ ပုဂ္ဂလိကဆေးရုံ တွင် လူနာများအရေးပေါ် အခြေအနေတွင် ပြုလုပ်သင့်သော ကုသမှုများ ကို ဟောပြောပေးနေပုံများ

ဆာကူရာဆေးရုံ မှ CEO ဒေါက်တာဦးထင်ပေါ် မှ မြိတ်မြို့ ရှိ ပုဂ္ဂလိကဆေးရုံ များ မှ တာဝန်ကျ ဆရာဝန်၊ ဆရာမ များ အား လူနာများအရေးပေါ် အခြေအနေတွင် ပြုလုပ်သင့်သော ကုသမှုများ ကို ဟောပြောပေးနေပုံများ

ဆာကူရာဆေးရုံ မှ CEO ဒေါက်တာဦးထင်ပေါ် မှ မြိတ်မြို့ ရှိ ပုဂ္ဂလိကဆေးရုံ တွင် လူနာများအရေးပေါ် အခြေအနေတွင် ပြုလုပ်သင့်သော ကုသမှုများ ကို ဟောပြောပေးနေပုံများ2020-03-17T05:09:58+00:00

ရန်ကုန်မြို့ ဆာကူရာဆေးရုံ မှ ခွဲစိတ်အထူးကု ဆရာဝန်ကြီးသည် မြိတ်မြို့ သို့သွားရောက်၍ လူနာများအား အခမဲ့ စမ်းသပ်ကြည့်ရှုပေးခြင်း

ရန်ကုန်မြို့ ဆာကူရာဆေးရုံ မှ ခွဲစိတ်အထူးကု ဆရာဝန်ကြီး များဖြစ်သော ဒေါက်တာဦးကျော်ဇင် နှင့် ဒေါက်တာဦးလွှမ်းမိုးထက် တို့သည် မြိတ်မြို့ ဒက္ခိဏဒီပါ ဆေးရုံ သို့သွားရောက်၍ လူနာများအား အခမဲ့ စမ်းသပ်ကြည့်ရှုပေးခြင်း၊ အခမဲ့ ခွဲစိတ်ပေးခြင်း များ ပြုလုပ်နေပုံများ

ရန်ကုန်မြို့ ဆာကူရာဆေးရုံ မှ ခွဲစိတ်အထူးကု ဆရာဝန်ကြီးသည် မြိတ်မြို့ သို့သွားရောက်၍ လူနာများအား အခမဲ့ စမ်းသပ်ကြည့်ရှုပေးခြင်း2020-03-17T05:14:11+00:00

မိုးရာသီ နှင့် တုပ်ကွေး

ယခုမိုးရာသီတွင် တုပ်ကွေးရောဂါဖြစ်ပွားမှု နှူန်းများပြားလျက်ရှိပါသည်။အဆိုပါ ရောဂါသည် မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် အအေးမိနှာစေးခြင်းမှတဆင့်ဖြစ်ပွားခြင်း ဖြစ်ပြီး ဂရုစိုက်ကုသရန်လိုပါသည်။ တုပ်ကွေးရောဂါဖြစ်ပွားသူများသည် ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ဆရာဝန်ထံတွင် ဆေးကုသမှုခံယူသင့်ပါသည််။ လုံလောက်စွာ အနားယူရန်လည်း လိုအပ်ပါသည်။ တုပ်ကွေးရောဂါကာကွယ်နိုင်ရန် အာဟာရပြည့်ဝသော အစားအသောက်များ ၊ Vitamin C ဓာတ် ကြွယ်ဝသော အသီးအနှံများ စားပေးပါ။ တုပ်ကွေးကာကွယ်ဆေးထိုးပေးပါ။ အပြင်ကပြန်လာတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပါ။ နှာချေ၊ချောင်းဆိုးပါက လက်ကိုင်ပဝါ၊ မျက်နှာဖုံး တို့ကို အသုံးပြုပေးခြင်းဖြင့် အခြားသူများအား ကူးစက်မှုနှုန်းလည်း လျော့ကျစေနိုင်ပါသည်။ သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ

မိုးရာသီ နှင့် တုပ်ကွေး2020-03-17T05:15:20+00:00

မိခင်လောင်းများ ကျန်းမာဖို့ အတူကစားကြပါစို့

ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာပျော်ရွင်သွက်လက်စေရန် ရည်ရွယ်၍ ဆာကူရာဆေးရုံ နှင့် ABC Medical Services တို့ပူးပေါင်းပြီး " Free Antenatal Yoga Class" အား မေလ ၇ ရက်နေ့ (စနေနေ့) မနက် ၁၀ နာရီ မှ ၁၁ နာရီထိ ဆာကူရာဆေးရုံတွင် သင်ကြားပေးမည်ဖြစ်ပါသည်။ လူဦးရေ ကန့်သတ်ထားပါသဖြင့် စိတ်ပါဝင်စားသူ မိခင်လောင်းများ ကြိုတင်စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Organized by Sakura Hospital and ABC Medical Services Supported by Abbott Nutrition and NIFTY *သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ* ဆက်သွယ်ရန်။ ဆာကူရာဆေးရုံ- အမှတ် (၂၃)၊ ရှင်စောပုလမ်း၊ [...]

မိခင်လောင်းများ ကျန်းမာဖို့ အတူကစားကြပါစို့2020-03-17T05:17:24+00:00

နှလုံးနှင့် သွေးကြောဆိုင်ရာ စစ်ဆေးကုသမှုများ

အမေရိကန် နှလုံးအထူးကု ဆရာဝန်များ ဦးစီးသည့် Best Health Myanmar Cardiovascular group ၏ ထိုင်ဝမ် HEART CENTER, CHENG HSIN GENERAL HOSPITAL မှ နှလုံး နှင့်သွေးကြောအထူးကု ဆရာဝန်ကြီး သည် နှလုံးသွေးကြောကျဉ်းခြင်း၊ပိတ်ခြင်း နှင့် အခြားနှလုံးရောဂါများ၊ သွေးကြောဆိုင်ရာစစ်ဆေးစမ်းသပ်ကုသမှုများ၊ ခြေထောက်သွေးကြောပိတ်ရောဂါများ ၊ ဦးခေါင်းသို့သွားသောသွေးကြောပိတ်ခြင်းကြောင့့့်ဖြစ်သည့်လေဖြတ်၊လေဖြန်းခြင်း ၊ ကျောက်ကပ်ဆေးရန်ပြုလုပ်ထားသည့် သွေးကြောများပိတ်ခြင်းကိုပြန်လည်ဖွင့်ပေးခြင်း၊ စသည့်ကုသမှုအမျိုးမျိုးကို မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ပြင်ပလူနာ ကြည့်ရှူခြင်း နှင့် ကုသခြင်းများ ကို ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ လူဦးရေ ကန့်သတ်ချက်ရှိပါသဖြင့် ကြိုတင်စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဆက်သွယ်ရန်။ အမှတ်(၂၃)၊ ရှင်စောပုလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း - 01-512 668, [...]

နှလုံးနှင့် သွေးကြောဆိုင်ရာ စစ်ဆေးကုသမှုများ2020-03-17T05:19:46+00:00

သင် သိပါသလား

ယနေ့ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ (၁၀) သိန်းခန့်နှလုံးသွေးကြောပိတ်၍ ရုတ်တရက်သေဆုံးလျက်ရှိပါ သည်။ သင်နှင့်သင်ချစ်သောမိသားစုတွင် ယခုကဲ့သို့ အဖြစ်ဆိုးမျိုးဖြစ်ပွားခြင်း မှ ကာကွယ်လိုလျှင် …….. Cardiac check-up Package (One stop service)/ နှလုံးကျန်းမာရေး စစ်ဆေး ခြင်း ရန်ကုန် မြို့ ဆာကူရာဆေးရုံတွင် အမေရိကန်နိုင်ငံမှ နှလုံးအထူးကုဆရာဝန်များ ဦးစီးသည့် Best Health Myanmar Cardiovascular group မှ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုများကို Cardiac Package ဖြင့် ထိရောက်၍ စျေးနှုန်း သင့်တင့်မျှတစွာ ပိတ်ရက်မရှိ စစ်ဆေးပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သင့်နှလုံးသား အစဉ်ကျန်းမာနေစေရန် နှလုံးသွေးကြောကျဉ်းခြင်း ရှိမရှိ၊ နှလုံးရောဂါရှိမရှိ စစ်ဆေးကြပါစို့။ *သင့်မိသားစုကျန်းမာရေးအတွက် စ်ိတ်ချရသည်မှာ ဆာကူရာ* [...]

သင် သိပါသလား2020-03-17T05:22:15+00:00