About admin

This author has not yet filled in any details.
So far admin has created 56 blog entries.

ဆာကူရာဆေးရုံသို့ နိုင်ငံခြားမှ နှလုံးနှင့်သွေးကြော အထူးကု ဆရာဝန်ကြီးများ တစ်လလျှင် ၃ ကြိမ်ခန့် လာရောက်ကုသပေးလျက်ရှိ

ဆာကူရာဆေးရုံ၏ နှလုံးနှင့်သွေးကြောဌာနသို့ နိုင်ငံခြားမှ နှလုံးနှင့် သွေးကြောအထူးကုဆရာဝန်ကြီးများ သည် တစ်လလျှင် ၃ ကြိမ်ခန့် လာရောက်၍ ကုသမှုများ စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိပါသည်။ ဆရာဝန်ကြီးများမှနှလုံးသွေးကြောကျဉ်းခြင်း၊ပိတ်ခြင်းနှင့် အခြားနှလုံးရောဂါများ၊သွေးကြောဆိုင်ရာ စစ်ဆေးစမ်းသပ်ကုသမှုများ၊သွေးကြောမကြီးနံရံဖောင်းခြင်း၊ ဦးခေါင်းသို့သွားသောသွေးကြောပိတ်ခြင်းကြောင့့့် ဖြစ်သည့် လေဖြတ်ခြင်း၊လေဖြန်းခြင်း၊ခြေထောက်သွေးကြောပိတ်ရောဂါများ၊ ခြေထောက်သွေးကြောထုံးခြင်း၊သွေးပြန်ကြောပိတ်ခြင်း၊ဆီးချိုကြောင့်ခြေထောက်အနာဖြစ်ခြင်းနှင့်အနာမကျက်ခြင်းများ၊ကျောက်ကပ်ဆေးရန်ပြုလုပ်ထားသည့် သွေးကြောများပိတ်ခြင်းကိုပြန်လည်ဖွင့်ပေးခြင်း၊အသည်းကင်ဆာနှင့် အခြားသောကင်ဆာဆိုင်ရာစစ်ဆေးကုသမှုများစသည့်ကုသမှုအမျိုးမျိုး နှင့် ကျောက်ကပ်ဆေးရန်ပြုလုပ်ထားသည့် သွေးကြောများပိတ်ခြင်းကို ပြန်လည်ဖွင့်ပေးခြင်းစသည့် ရောဂါအမျိုးမျိုးကို ကုသပေးသွားမည် ဖြစ်သည်။ အဆိုပါကုသမှုများကို တိုင်ဝမ်မှ ဆရာဝန်ကြီး မှ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့ထိ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး လူဦးရေ ကန့်သတ်ချက် ရှိသဖြင့် ဆွေးနွေးတိုင်ပင် ကုသမှုခံယူလိုပါက ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။ ဆက်သွယ်ရန် - အမှတ်(၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း [...]

ဆာကူရာဆေးရုံသို့ နိုင်ငံခြားမှ နှလုံးနှင့်သွေးကြော အထူးကု ဆရာဝန်ကြီးများ တစ်လလျှင် ၃ ကြိမ်ခန့် လာရောက်ကုသပေးလျက်ရှိ2020-03-17T05:23:56+00:00

နားနောက်ဆံစပ် ချုပ်ရိုးပျောက်ခွဲစိတ်နည်းပညာ

RAHI (Retro-auricular Hairline Incision Approach) မျက်နှာနှင့်လည်ပင်းသည် လူ့ခန္ဓာကိုယ်၌ အလှအပနှင့်ပတ်သက်၍ အလွန်အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ကြသည်။ ကိုယ်ခန္ဓာနှင့် ခြေလက်တို့မှ အမာရွတ်များကို အဝတ်အစားဖြင့် အလွယ်တကူ ဖုံးကွယ်နိုင်သော်လည်း မျက်နှာနှင့်လည်ပင်းနေရာတို့မှ အမာရွတ်များကိုမူ ဖုံးကွယ်ရန် မလွယ်ကူပေ။ အမာရွတ်ငယ်လေးများသည်ပင်လျှင် အလှပျက်စေနိုင်သောကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ စိ်တ်မလုံခြုံမှုတို့ ဖြစ်စေတတ်ပါသည်။ ယခင်က ဦးခေါင်းပိုင်းနှင့်လည်ပင်းအပေါ်ပိုင်း အလုံးအကြိတ်ရောဂါများကို သမရိုးကျနည်းလမ်းများအတိုင်းခွဲစိတ်ကုသမှုပြီးနောက် လည်ပင်းနှင့်မျက်နှာတို့၌ အမာရွတ်ကြီးများ ထင်ကျန်ရစ်ခဲ့ကြသည်။ ယခုအခါ ထိုကဲ့သို့ အမာရွတ်ထင်ကျန်ရစ်ခြင်း ပြဿနာကို “နားနောက်ဆံစပ် ချုပ်ရိုးပျောက်ခွဲစိတ်နည်းပညာ” (RAHI – Retro-auricular Hairline Incision Approach) ဖြင့် အမာရွတ်မပေါ်အောင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ပြီ ဖြစ်ပါသည်။ အဆိုပါခွဲစိတ်နည်းပညာမှာ နားရွက်နောက် အရေပြားအတွန့်နေရာနှင့် ဆံစပ်တစ်လျှောက်၌ [...]

နားနောက်ဆံစပ် ချုပ်ရိုးပျောက်ခွဲစိတ်နည်းပညာ2020-03-17T05:27:37+00:00

အကြောင်း အမျိုးမျိုးကြောင့်ဖြစ်ပေါ်လာသော မည်သည့်အရေးပေါ် အခြေအနေမဆို ဆာကူရာဆေးရုံ ၏ အရေးပေါ်ဌာန မှ ၂၄နာရီ ဝန်ဆောင်မှုပေး လျက်ရှိပါသည်။

အရည်အချင်းပြည့်ဝ၍ ကျွမ်းကျင်သော တာဝန်ကျဆရာဝန်များ၊ သူနာပြုများ၊ သူနာပြုအကူများ နှင့် ၂၄နာရီဝန်ဆောင်မှု ပေး လျှက်ရှိသော မိမိတို့၏ အရေးပေါ် ဌာနတွင် Oxygen အသုံးပြုမှု အား Central Line System ဖြင့်တပ်ဆင်ထားခြင်း၊ အရေးပေါ်ကုသမှု နှင့် သက်ဆိုင်သော စက်ပစ္စည်းကိရိယာများ ဖြစ်သည့် (Emergency Treatment Trolley, Dressing Trolley, Defibrillator, Monitor, Pulse Oxymeter, Suction machine, Laryngoscope, Laryngeal Mask, Endotracheal tube, Guide Wire, Ambubag, Airway, Oxygen mask, Mouth Guard, Suture Set, ECG, NIBP cuff) ၊ စသည်တို့ [...]

အကြောင်း အမျိုးမျိုးကြောင့်ဖြစ်ပေါ်လာသော မည်သည့်အရေးပေါ် အခြေအနေမဆို ဆာကူရာဆေးရုံ ၏ အရေးပေါ်ဌာန မှ ၂၄နာရီ ဝန်ဆောင်မှုပေး လျက်ရှိပါသည်။2020-03-17T05:31:12+00:00

ယနေ့ ကျရောက်သော ကမ္ဘ့ာ တီဘီနေ့ ကိုဂုဏ်ပြုသောအားဖြင့် တီဘီရောဂါအကြောင်းသိကောင်းစရာများကို ဆာကူရာဆေးရုံမိသားစုမှ ပြန်လည်မျှဝေလိုက်ပါတယ်။

တီဘီဆိုတာဘာလဲ တီဘီ ဘက်တီးရီးယားပိုုးကြောင့်ဖြစ်ပွား ရသည့်ကူးစက်ရောဂါဆိုးတစ်ခုဖြစ်ပြီး များသောအားဖြင့်အဆုတ်တွင်ဖြစ်သည်။ တီဘီ ဘယ်တုန်းကစတွေ့လဲ ၁၈၈၂ ခုနှစ် တွင်ဂျာမန်သမားတော် Robert Koch မှစတင်တွေ့ရှိပြီး Koch Lungs ဟုလည်းခေါ်ပါသည်။ ဘယ်လိုကူးစက်နိုင်သလဲ ရောဂါသည်တစ်ဦး ချောင်းဆိုး၊နှာချေ၊စကားပြောသော အခါ လေထဲမှတဆင့် အခြားသူတစ်ဦး ထံကူးစက်ပါသည်။ မသန့်ရှင်းသော၊ ကျိုချက်မထားသော နွားနို့သောက်ခြင်းဖြင့် လည်းကူးစက်နိုင်ပါသည်။ ဘယ်လိုလူတွေ ပိုကူးစက်နို်င်သလဲ ရောဂါသည်နှင့် အနီးကပ်နေထိုင်သူ ဆီးချို၊ကင်ဆာ၊ HIV လူနာရှင်များ မူးယစ်ဆေးသုံးသူများ၊ အာဟာရချို့တဲ့သူများ၊ အရက်စွဲနေသူများ၊ ကျန်းမာရေးဝန်ထမ်းများ တီဘီရောဂါ လက္ခဏာများ နှစ်ပတ်ထက်ပို၍ချောင်းဆိုးခြင်း ၊ချောင်းဆိုးသွေးပါခြင်း ၊အစားအသောက်ပျက်ခြင်း ၊မောပန်းလွယ်ခြင်း ၊ တဖြည်းဖြည်းပိန်လာခြင်း၊ ညနေပိုင်းတွင် တငွေ့ငွေ့ဖျားခြင်း စသည်တို့ ခံစားရတတ်ပါသည်။ ဘယ်လိုစစ်ဆေးသိရှိနို်င်သလဲ သလိပ်စစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ Tuberculin Test [...]

ယနေ့ ကျရောက်သော ကမ္ဘ့ာ တီဘီနေ့ ကိုဂုဏ်ပြုသောအားဖြင့် တီဘီရောဂါအကြောင်းသိကောင်းစရာများကို ဆာကူရာဆေးရုံမိသားစုမှ ပြန်လည်မျှဝေလိုက်ပါတယ်။2020-03-17T05:33:51+00:00

နိုင်ငံခြားမှ နှလုံး နှင့်သွေးကြော အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ စစ်ဆေးကုသမှုခံယူနိုင်ပြီ

အမေရိကန် နှလုံးအထူးကုဆရာဝန်များ ဦးစီးသည့် Best Health Myanmar Cardiovascular group ၏ ထိုင်ဝမ် HEART CENTER, CHENG HSIN GENERAL HOSPITAL မှ နှလုံး နှင့်သွေးကြောအထူးကုဆရာဝန်ကြီး သည် နှလုံးသွေးကြောကျဉ်းခြင်း၊ပိတ်ခြင်း နှင့် အခြားနှလုံးရောဂါများ၊ သွေးကြောဆိုင်ရာစစ်ဆေးစမ်းသပ်ကုသမှုများ၊ ခြေထောက်သွေးကြောပိတ်ရောဂါများ ၊ ဦးခေါင်းသို့သွားသောသွေးကြောပိတ်ခြင်းကြောင့့့်ဖြစ် သည့်လေဖြတ်၊လေဖြန်းခြင်း ၊ ကျောက်ကပ်ဆေးရန်ပြုလုပ်ထားသည့် သွေးကြောများပိတ်ခြင်းကိုပြန်လည်ဖွင့်ပေးခြင်း၊ စသည့်ကုသမှုအမျိုးမျိုးကို ဧပြီလ ၁ရက်နေ့ မှ ၇ ရက်နေ့ထိ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။ လူဦးရေ ကန့်သတ်ချက်ရှိပါသဖြင့် ကြိုတင်စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဆက်သွယ်ရန် အမှတ်(၂၃)၊ ရှင်စောပုလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း - 01-512 668, 09-262 100 103, 09-262 100 [...]

နိုင်ငံခြားမှ နှလုံး နှင့်သွေးကြော အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ စစ်ဆေးကုသမှုခံယူနိုင်ပြီ2020-03-17T05:36:33+00:00

ဆာကူရာဆေးရုံ သွားနှင့်ခံတွင်း ဌာန

ကူးစက်မှုအများဆုံးဖြစ်လေ့ရှိသော သွေးနှင့်တံတွေးများသည် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အလွန်ပင်အခြေခံကျပြီးအရေးကြီးပါသည်။ ဆာကူရာဆေးရုံအနေနှင့် အရည်အသွေးပြည့်မီသော infection control system ဖြင့် သွားနှင့်ခံတွင်းဝန်ဆောင်မှုပေးခြင်းကို (၁၅-၁၂-၂၀၁၂) တွင်စတင်ခဲ့ပါသည်။ သွား နှင့် ခံတွင်း စစ်ဆေးပေးခြင်း၊ သွားနှုတ်ခြင်း၊ သွားဖာခြင်း၊ Orthodontics (သွားညှိကုသခြင်း)၊ သွားစိုက်ကုသခြင်း၊ Dental Implant (သွားဖုံးအရိုးတွင်းသို့ တိုင်ထည့်၍ သွားစိုက်ခြင်း)၊ ကွမ်း၊ကော်ဖီ၊ဆေးလိပ် နှင့် ငယ်စဉ်ကဆေးသောက်မှု များ ကြောင့် အရောင်ပြောင်းလဲနေသော သွားများ အား ရောင်ခြည်ဖြင့် ပြု ပြင်ပေးခြင်း စသည့်နောက်ဆုံးပေါ်ခေတ်မှီကုသမှုများကို ကျွမ်းကျင်သော သွားနှင့်ခံတွင်း အထူးကု ဆရာဝန်ကြီးများ ဖြင့် ဝန်ဆောင်မှုပေး လျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဆက်သွယ်ရန် ဆာကူရာဆေးရုံ - အမှတ် (၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့့နယ်၊ ရန်ကုန်မြို့။ [...]

ဆာကူရာဆေးရုံ သွားနှင့်ခံတွင်း ဌာန2020-03-17T05:37:53+00:00

ရင်သား ကင်ဆာရောဂါ အကြောင်း သိကောင်းစရာ ကျန်းမာရေး အသိပေး ဟောပြောပွဲ ဖိတ်ကြားလွှာ

ရင်သားကင်ဆာရောဂါနှင့် ပါတ်သက်သော ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ဆာကူရာဆေးရုံနှင့် Abbott Nutrition တို့ ပူးပေါင်းစီစဉ်ကျင်းပမည့် "ရင်သားကင်ဆာ မသေသင့်ပါ" အကြောင်းကို ပါမောက္ခဒေါက်တာ ဦးမြသိန်းဟန်မှ ဟောပြောဆွေးနွေးမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ မည်သူမဆို တက်ရောက်နိုင်ပါသည်။ ဟောပြောပွဲ ကျင်းပမည့်အစီအစဉ် နေ့ရက် ။ ။ ၂ရရက်၊ ဇန်နဝါရီလ၊ ၂၀၁၆ ခုနှစ် (ဗုဒ္ဓဟူးနေ့) စာရင်းပေးသွင်းချိန် ။ ။ မနက် ၈:၃၀ နာရီမှ နံနက် ၉:၃၀ နာရီအထိ အချိန် ။ ။ မနက် ၉:၃၀ နာရီမှ နေ့လည် ၁၁:၃၀ နာရီအထိ နေရာ ။ ။ ဆာကူရာဆေးရုံ၊ အမှတ်(၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ *** [...]

ရင်သား ကင်ဆာရောဂါ အကြောင်း သိကောင်းစရာ ကျန်းမာရေး အသိပေး ဟောပြောပွဲ ဖိတ်ကြားလွှာ2020-03-17T05:40:02+00:00

နှလုံးနှင့်သွေးကြောဆိုင်ရာ ကျန်းမာရေး ဟောပြောပွဲမှ မှတ်တမ်းဓာတ်ပုံများ

နှလုံး နှင့် သွေးကြောဆိုင်ရာ ဝေဒနာခံစားနေရသူများနှင့် အများပြည်သူများအား နှလုံးနှင့်သွေးကြောဆိုင်ရာ ကျန်းမာရေးဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ဆာကူရာဆေးရုံ ရှိ Best Health Myanmar Cardiovascular group နှင့် KALBE INTERNATIONAL, Diabetasol တို့ပူးပေါင်းစီစဉ်၍ ၄.၁.၂၀၁၆ ( လွတ်လပ်ရေးနေ့) တွင် ဆာကူရာဆေးရုံ၌ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးကြောင့် ရုတ်တရက်သေဆုံးမှုများ အကြောင်း သိကောင်းစရာများ ၊ ခြေထောက်သွေးကြောထုံးခြင်း နှင့် ၄င်းကြောင့်ဖြစ်သော ခြေထောက်အနာများ အကြောင်းသိကောင်းစရာများ ကိုအမေရိကန်နိုင်ငံမှ နှလုံးနှင့်သွေးကြောအထူးကုဆရာဝန်ကြီး Dr.Henry C Yee @ ဒေါက်တာဦးခင်မောင်မြင့် မှ ဟောပြောဆွေးနွေးပေးခဲ့ပြီး ဧည့်သည်တော်များမှ သိလိုသည့်မေးခွန်းများကိုလည်းဖြေကြားပေးခဲ့ပါသည်။

နှလုံးနှင့်သွေးကြောဆိုင်ရာ ကျန်းမာရေး ဟောပြောပွဲမှ မှတ်တမ်းဓာတ်ပုံများ2020-03-17T05:41:52+00:00

ဆာကူရာဆေးရုံ၏CEOဒေါက်တာဦးထင်ပေါ်မှ နှလုံးရောဂါနှင့် ပတ်သက်၍ Voice Journal မှမေးမြန်းထားသည်ကို ဖြေကြားပေးထားခြင်း

ခန္ဓာကိုယ်အနှံ့အပြားသွေးလှည့်ပတ်ဖို့ သွေးညှစ်ထုတ်ပေးတဲ့ အရေးကြီး အစိတ်အပိုင်းဖြစ်တဲ့ နှလုံးနဲ့ပတ်သက်လို့ နှလုံးရောဂါခံစားနေရရင် ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာ တွေကို ဆာကူရာဆေးရုံရဲ့ CEO ဒေါက်တာထင်ပေါ်ကို မေးမြန်းဖော်ပြလိုက်ပါတယ်။ Voice - တစ်ယောက်ထဲရှိနေတဲ့အချိန် ရုတ်တရက် နှလုံးတိုက်ခိုက်ခံရတဲ့အခါ ဘယ်လိုပြုမူရပါမလဲ။ Dr.HP - ရုတ်တရက် နှလုံးပိုင်းဆိုင်ရာ တစ်ခုခုဖြစ်တယ်ဆိုရင် လူနာက အသက်ပြင်းပြင်းရှူပါ။ ရင်ဘတ်လှုပ်ရှားမှုပိုကောင်းလာရင် နှလုံးသွေးလည်ပတ်မှုဆိုင်ရာကို ပိုအားပေးပါတယ်။ Voice - အနားမှာလူရှိရင် ဘယ်လိုပြုစုပေးနိုင်သလဲ။ Dr.HP - လူတစ်ယောက် ရုတ်တရက် အသက်မရှိတော့ဘူးလို့ထင်ရင် အသက်ကယ်တဲ့ ရှေးဦးသူနာပြုနည်းလမ်းနဲ့ ကယ်လို့ရတယ်။ လူတစ်ယောက်က နောက်လူရင်ဘတ်ပေါ်ဖိတယ်။ သတ်မှတ်တဲ့အကြိမ် အရေအတွက်ပြီးရင် ပါးစပ်ကနေ လေမှုတ်သွင်းရတယ်။ နီးစပ်ရာ ဆေးရုံဆေးခန်းသွားသင့်တယ်။ တိုးတက်တဲ့နိုင်ငံတွေမှာ လူထုအသွင်နဲ့ Cardiopulmonary Resuscitation (CPR) ခေါ်တဲ့ရှေးဦး သူနာပြုစုနည်းကို [...]

ဆာကူရာဆေးရုံ၏CEOဒေါက်တာဦးထင်ပေါ်မှ နှလုံးရောဂါနှင့် ပတ်သက်၍ Voice Journal မှမေးမြန်းထားသည်ကို ဖြေကြားပေးထားခြင်း2020-03-17T05:43:38+00:00

သတင်းကောင်း

နှလုံးနှင့် သွေးကြောဆိုင်ရာ စစ်ဆေး၊ ကုသမှု အမျိုးမျိုးအတွက် အမေရိကန်နိုင်ငံအတွက် သွားရောက်ကုသရန်မလိုတော့ပါ အမေရိကန် နှလုံးအထူးကု ဆရာဝန်များ ဦးစီးသည့် Best Health Myanmar Cardiovascular group မှ နှလုံးနှင့် သွေးကြောအထူးကု ဆရာဝန်ကြီးများသည် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်နေ့ထိ လာရောက်၍ နှလုံးနှင့် သွေးကြော ဆိုင်ရာ စစ်ဆေးစမ်းသပ်ကုသမှုများ၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းနှင့် အခြားနှလုံးရောဂါများ၊ ခြေထောက်သွေးကြောပိတ်ရောဂါများ၊ ခြေထောက်သွေးကြောထုံးခြင်း၊ ဦးခေါင်းသို့သွားသော သွေးကြော ပိတ်ရောဂါများ၊ ကျောက်ကပ်ဆေးနေရသော လူနာများ၏ ကျောက်ကပ် ဆေးရာတွင် သုံးသော သွေးကြောပိတ်ခြင်း ရောဂါများ စသည့် စစ်ဆေးစမ်းသပ်ကုသမှု အမျိုးမျိုးကို ဆာကူရာဆေးရုံ၌ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးမည်ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးနိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။ အမှတ်(၂၃)၊ [...]

သတင်းကောင်း2020-03-17T05:47:00+00:00