ယခုမိုးရာသီတွင် တုပ်ကွေးရောဂါဖြစ်ပွားမှု နှူန်းများပြားလျက်ရှိပါသည်။အဆိုပါ ရောဂါသည် မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် အအေးမိနှာစေးခြင်းမှတဆင့်ဖြစ်ပွားခြင်း ဖြစ်ပြီး ဂရုစိုက်ကုသရန်လိုပါသည်။

တုပ်ကွေးရောဂါဖြစ်ပွားသူများသည် ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ဆရာဝန်ထံတွင် ဆေးကုသမှုခံယူသင့်ပါသည််။ လုံလောက်စွာ အနားယူရန်လည်း လိုအပ်ပါသည်။

တုပ်ကွေးရောဂါကာကွယ်နိုင်ရန် အာဟာရပြည့်ဝသော အစားအသောက်များ ၊ Vitamin C ဓာတ် ကြွယ်ဝသော အသီးအနှံများ စားပေးပါ။ တုပ်ကွေးကာကွယ်ဆေးထိုးပေးပါ။ အပြင်ကပြန်လာတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပါ။ နှာချေ၊ချောင်းဆိုးပါက လက်ကိုင်ပဝါ၊ မျက်နှာဖုံး တို့ကို အသုံးပြုပေးခြင်းဖြင့် အခြားသူများအား ကူးစက်မှုနှုန်းလည်း လျော့ကျစေနိုင်ပါသည်။

သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ