လည်ပင်းကြီး(သိုင်းရွိုက်အကြိတ်)ရောဂါသည် အဖြစ်များသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသမီးများတွင် ပို၍အဖြစ်များတတ်ပြီး များသောအားဖြင့် ခွဲစိတ်ကုသမှသာ ပျောက်ကင်းသောရောဂါလည်း ဖြစ်ပါသည်။ သို့ရာတွင် ခွဲစိတ်ကုသပြီးနောက် ကျန်ရစ်ခဲ့သော လည်ပင်းမှ ကန့်လန့်ဖြတ်အမာရွတ်ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ခံစားရပြီး လူမှုဆက်ဆံရေးတွင်ပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။

သမရိုးကျခွဲစိတ်နည်းပညာ (Conventional Thyroidectomy)၊ သေးငယ်သောခွဲကြောင်းမှ ခွဲစိတ်သော နည်းပညာ (Mini-incision Thyroidectomy) တို့သည် လည်ပင်းကို တိုက်ရိုက် ခွဲစိတ်ဝင် ရောက်သော နည်းပညာများဖြစ်သဖြင့် အလွန်သေးငယ်သော ခွဲကြောင်းရာပင်ဖြစ်သော်လည်း အမာရွတ်တက်လာပါက အရုပ်ဆိုးပြီး အလှပျက်စေနိုင်သည်။ အထူးသဖြင့် အမာရွတ်ပွားနှုန်းပိုများသူများ (Keloid Tendancy ရှိသူများ) တွင် ပို၍ဆိုးတတ်ပါသည်။

ထို့ကြောင့် လည်ပင်းတွင်အမာရွတ် မကျန်ရစ်စေရန် လည်ပင်းမှတိုက်ရိုက်ခွဲစိတ်သော နည်းပညာများအစား ဂျိုင်းကြားမှတစ်ဆင့် ဝင်ရောက်ခွဲစိတ်သော နည်းပညာ (Transaxillary Thyroidectomy) ကို အသုံးပြုလာခဲ့သည်။ လည်ပင်းမှ လူမြင်နိုင်သော အမာရွတ်ကို လူမမြင်နိုင်သော ချိုင်းကြားသို့ နေရာပြောင်းရွေ့လိုက်ခြင်းပင် ဖြစ်ပါသည်။

အဆိုပါနည်းပညာမှာ ချိုင်းအောက် အရေပြားနှင့် ရင်ဘတ်ကြွက်သားကြားမှသာ ဝင်ရောက်ခွဲစိတ်ခြင်းဖြစ်သောကြောင့် ချိုင်းအောက်နေရာမှ အရေးကြီးသော အာရုံကြောများနှင့် သွေးကြောများကိုလည်း ထိခိုက်နိုင်ခြင်း မရှိပါ။ အသံအာရုံကြောထိခိုက်နှုန်းအနေဖြင့်လည်း သမရိုးကျခွဲစိတ်နည်းပညာများနှင့် ကွာဟမှုမရှိပါ။ ထို့အပြင် ယခုခွဲစိတ်နည်းမှာ ဓာတ်ငွေ့အသုံးမပြုသော (Gasless Technique) နည်းပညာဖြစ်သဖြင့် ဓာတ်ငွေ့ကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများလည်း မရှိတော့ပါ။

သို့ဖြစ်ရာ လည်ပင်းကြီး(သိုင်းရွိုက်အကြိတ်)ဝေဒနာရှင်များအနေဖြင့် ချိုင်းအောက်မှဝင်ရောက်သော ခွဲစိတ်နည်းပညာ (Transaxillary Thyroidectomy) ဖြင့် လည်ပင်းတွင်အမာရွတ်မပေါ်အောင် ခွဲစိတ်ကုသနိုင်ပြီး အမာရွတ်၏အကျိုးဆက်များကိုလည်း ရှောင်ရှားနိုင်ကြပြီဖြစ်ပါသည်။

ဆာကူရာဆေးရုံ တွင် လည်ပင်းသိုင်းရွိုက်အကျိတ်အား နိုင်ငံတကာအဆင့်မှီခန္ဓာကိုယ်တွင်းကြည့်မှန်ပြောင်းဖြင့် ဂျိုင်းမှနေ၍ ခွဲစိတ်ပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

ဆက်သွယ်ရန်။ ။ အမှတ်(၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့ နယ်၊ ရန်ကုန်မြို့။

Hot Line : 01- 512 668, 09- 264 668 038