ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဖောလစ်အက်စစ်က ဘာလို့အရေးကြီးတာလဲ

ကိုယ်ဝန်ဆောင်မိခင်ပဲဖြစ်ဖြစ် အခုမှကိုယ်ဝန်ဆောင်ဖို့ကြိုးစားနေတဲ့အမျိုးသမီးတွေပဲဖြစ်ဖြစ် ခန္ဒာကိုယ်မှာဖောလစ်အက်စစ်လုံလုံလောက်လောက် ရှိဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် ဖောလစ်အက်စစ်က neural tube defects (NTDs) လို့ခေါ်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှုမမှန်တဲ့ပြဿနာတွေ၊ ပင်မအာရုံကြောစနစ် ဖွံ့ဖြိုးမှုမမှန်တဲ့ ပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးလို့ပဲဖြစ်ပါတယ်။ 💪💪 ဒီလိုအာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေက ကိုယ်ဝန်ဆောင်အစောပိုင်းအချိန်တွေမှာ ဖြစ်လေ့ရှိတာမို့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်မရခင်ကတည်းက ဖောလစ်အက်စစ်ကို စတင်သောက်သုံးဖို့ လိုအပ်တာဖြစ်ပါတယ်။ လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ပထမ ၃လ အတွင်းမှာသတ်မှတ်ထားတဲ့ ဖောလစ်အက်စစ်ပမာဏသောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ အာရုံကြောဖွံ့ဖြိုးမှုပြဿနာတွေဖြစ်နိုင်ခြေကို ၇၀% လောက်အထိ လျှော့ချပေးနိုင်တာကို တွေ့ရတယ်လို့ဆိုပါတယ်။ နောက်ပြီး ဖောလစ်အက်စစ်က သန္ဓေသားနဲ့အချင်း ကြီးထွားမှုအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ 👶👶 ဖောလစ်အက်စစ်ဆိုတာ ဗီတာမင် ဘီ အမျိုးအစားတစ်မျိုးဖြစ်ပြီး အစားအစာထဲမှာပါဝင်ရင် folate လို့ခေါ်ပြီး သောက်ဆေးအနေနဲ့ ထုတ်လုပ်ထားရင် ဖောလစ်အက်စစ်လို့ခေါ်ဆိုပါတယ်။ ဖောလစ်အက်စစ်ကြွယ်ဝတဲ့အစားအစာတွေကတော့ ထောပတ်သီး၊ ပဲအခြောက်၊ အစိမ်းရင့်ရောင်ရှိတဲ့ [...]