ကိုယ်ဝန်ဆောင် မိခင်တွေအတွက်ဘာတွေအရေးကြီးပါသလဲ

  ကိုယ်ဝန်ဆောင် မိခင် တွေဟာ ကိုယ်ဝန်ဆောင်ချိန် ကာလ မှာ အာဟာရဓာတ် ပြည့်ဝစွာ ရရှိဖို့ အရေးကြီးပါသည်။ ကိုယ်ဝန်ဆောင်ချိန် ကာလ အတွင်း သံဓာတ်ချို့တဲ့မှု၊ ဖောလစ်အက်စစ် ချို့တဲ့မှုများပါက မိခင်တွင် သွေးအားနည်းရောဂါ ဖြစ်ပွားမှုနှုန်းကို အလွန်များစေပါသည်။ ထို့ကြောင့် ပုံမှန် အစားအစာ အပြင် ကိုယ်ဝန်ဆောင်မိခင် တစ်ယောက် အနေဖြင့် လိုအပ်သော အာဟာရဓာတ် ပြည့်ဝစွာ ပါဝင်သည့် အစားအစာများ ကို ရွေးချယ်စားသုံးသင့်ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များ နှင့် နို့တိုက်မိခင်များ အနေဖြင့် အဓိက စားသုံးသင့်သော အာဟာရ များ မှာ - ဒီအိပ်(ချ်)အေ - ဦးနှောက်ကောင်းစွာ ဖွံ့ဖြိုးမှု အတွက် အထောက်အကူပြုသည်။ (ငါးသေတ္တာ၊ ဆယ်လ်မွန်ငါး) အသားဓာတ် [...]