မြင်ကွင်းကျယ် သွားဓာတ်မှန်ဆိုသည်မှာ မြင်းခွာပုံသဏ္ဌာန် ကွေးနေသော မေးရိုးကို ပြန့်ပြူးပြားချပ် နေသောပုံစံဖော်ပြထားခြင်းဖြင့်ဓာတ်မှန်ပုံ တစ်ပုံတည်းတွင် သွားများ အားလုံးကို မြင်တွေ့စေရန်ရိုက်ကူး ထားသော ဓာတ်မှန်ဖြစ်ပါသည်။

ရိုးရိုးသွားဓာတ်မှန် ထက် မြင်ကွင်းကျယ် သွားဓာတ်မှန် ၏ အားသာချက် များ
၁) သွားများ၊သွားဖုံး နှင့် မေးရိုးအခြေအနေများအားပိုမိုကျယ်ပြန့်စွာ မြင်တွေ့နိုင်ခြင်း
၂) သွားကိုက်သွားနာခြင်း၏ အကြောင်းအရင်းကိုရှာဖွေပေးနိုင်ခြင်း
၃) သွားစိုက်ခြင်း၊စွပ်ခြင်း၊ဖာထေးခြင်းမပြုလုပ်မီ သွားနှင့်ခံတွင်း အခြေအနေအား လေ့လာနို်င်ခြင်း
၄) ပုံစံမကျသော မူမမှန်သော သွားများ ကို သိရှိနို်င်ခြင်း
၅) တံတွေး ဂလင်း အတွင်း ကျောက်တည်ခြင်း ကိုသိရှိနိုင်ခြင်း
၆) အခြားအကျိုးကျေးဇူးများ
ဓာတ်ရောင်ခြည်သင့်မှု နည်းပါးခြင်း၊ နာကျင်ခြင်း မရှိဘဲ မြန်ဆန်လွယ်ကူစွာ စစ်ဆေးနိုင်ခြင်း၊ လူနာအတွက် သက်တောင့် သက်သာရှိသော စမ်းသပ်မှုဖြစ်ခြင်း (ဖလင်ကို ပါးစပ်အတွင်း ထည့်သွင်းရန် မလိုခြင်း)၊ပါးစပ်မဟနိုင်သောလူနာများ သို့မဟုတ် အသင့်အတင့်ဟနိုင်သော လူနာများ(မေးရိုးကြွက်သားများ မသန်ခြင်း) အတွက် အဆင်ပြေ လွယ်ကူစွာ စစ်ဆေးနိုင်ခြင်း၊ ခံတွင်းအတွင်း ထည့်သွင်း ရိုက်ကူးရသော ပုံများထက် ထိန်းသိမ်းထားရလွယ်ခြင်း စသည်တို့ဖြစ်ပါသည်။

Sakura ဆေးရုံတွင် သွားနှင့့်ခံတွင်း ဆိုင်ရာကုသမှုအမျိုးမျိုး ကိုခေတ်မီ စက်ကိရိယာများ၊ ကျွမ်းကျင်သော သွားဘက်ဆိုင်ရာဆရာဝန်ကြီးများ၊ သင့်တော် သော စျေးနှုန်းတို့ဖြင့်အကောင်းမွန်ဆုံး ဝန်ဆောင်မှု ပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။