အစာအိမ် မှန််ပြောင်းကြည့်ရှူ စစ်ဆေးခြင်း ဆိုသည် မှာ ဗီဒီယိုကင်မရာ တပ်ဆင်ထားသော ရှည်လျားသေးသွွယ် သည့် ပိုက်ပြွန်လေးဖြင့်
အစာရေမြို၊ အစာအိမ် နှင့် အူသိမ် ဦးပိုင်း ကို ကြည့်ရှူ စစ်ဆေးခြင်း ဖြစ်ပါသည်။
စစ်ဆေး သင့် သည့် သူများ…….
မကြာခဏ အစာအိမ် အောင့်ခြင်း ၊ ရင်ပူခြင်း
အကြောင်းရင်း ရှာမရ ဘဲ သွေးအားနည်း ခြင်း
အကြောင်းရင်း ရှာမရဘဲ ကိုယ်အလေးချိန် ကျဆင်းလာခြင်း
အစားနည်းလာခြင်း
သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း
အစားအစာ မျိုရ ခက်ခြင်း
အသက် (၅၀) ကျော် မှ စ၍ မကြာခဏ အစာမကြေခြင်း
မိသားစု တွင် အစာအိမ်ကင်ဆာ မျိုးရိုးရှိသူများ
နာတာရှည် အသည်းရောဂါ ခံစားနေရသူများ

အစာအိမ် မှန်ပြောင်း ကြည့်ရှူ ခြင်း ဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ
၁) အစာရေမြို၊ အစာအိမ် နှင့် အူသိမ် ဦးပိုင်း အခြေအနေ များ ကို ရှင်းလင်းစွာ မြင်နိုင်ခြင်း
၂) အကြိတ်(သို့)အနာ တွေ့ပါက အသားစတစ်ခါတည်း ယူနိုင်ခြင်း
၃) အစာအိမ် ကင်ဆာ စောလျင်စွာ သိရှိနိုင် သဖြင့် ကုသမှု အမြန်ဆုံး ရရှိနိုင်ခြင်း
၄) H.Pylori ပိုး ရှိ ၊ မရှိ CLOtest ဖြင့် စစ်ဆေးနိုင်ခြင်း
၅) မှန်ပြောင်း ကြည့်ရင်း နှင့် ကုသခြင်းပြုလုပ်ပေးနို်င်ခြင်း

အရေးကြီးသည့် အချက်မှာ ……………
မှန်ပြောင်း မကြည့်မီ အနည်းှှဆုံး (၆) နာရီ ခန့် အစာနှင့်ရေ သောက်သုံးခြင်း ကို ရှောင်ကြဉ် ရပါမည်။
သွေးကျဲ ဆေးများ သောက်သုံး နေသူ ဖြစ်ပါက ရပ်ထားရန် လိုပါသည်။

Sakura ဆေးရုံတွင်အစာအိမ် မှန်ပြောင်းကြည့်ခြင်း နှင့် ကုသခြင်း များကို ခေတ်မီ စက်ကိရိယာများ၊ကျွမ်းကျင်သောအထူးကုဆရာဝန်ကြီးများ၊ သင့်တော် သော စျေးနှုန်းတို့ဖြင့်အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေး လျက် ရှိကြောင်းသတင်းကောင်းပါးအပ်ပါသည်။