ဆီးချို၊ သွေးချို ရောပါကို စနစ်တကျ မထိန်းသိမ်းပါက အချိုဓာတ် အရမ်းများခြင်း/အရမ်းနည်းခြင်း နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အာရုံကြော နှင့် သွေးကြောဆိုင်ရာရောဂါများ စသည့် နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။ ဆီးချို၊ သွေးချို ရောဂါ ရှိပါက အဓိကပြုလုပ်ရမည်မှာ လူမှုဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း နှင့် အစားအသောက် ထိန်းချုပ်ခြင်း တို့ဖြစ်ပါသည်။ ထို့နောက်တွင်မှ ဆီးချိုရောဂါ အတွက် သောက်ဆေးများနှင့် အင်ဆူလင် ထိုးဆေးများဖြင့် ကုသနိုင်ပါသည်။ ထို့အတွက်ကြောင့် ဆီးချို၊ သွေးချို ရောဂါ မရှိသောသူများ၊ ရှိချင်ချင်ဖြစ်နေသောသူများ၊ ရှိသောသူများ အားလုံး ထိုရောဂါကို မပေါ့ဆဘဲ ပုံမှန်စစ်ဆေးသင့်ကြောင်း အကြံပြုအပ်ပါသည်။