ကိုယ်ဝန်ဆောင် မိခင် တွေဟာ ကိုယ်ဝန်ဆောင်ချိန် ကာလ မှာ အာဟာရဓာတ် ပြည့်ဝစွာ ရရှိဖို့ အရေးကြီးပါသည်။
ကိုယ်ဝန်ဆောင်ချိန် ကာလ အတွင်း သံဓာတ်ချို့တဲ့မှု၊ ဖောလစ်အက်စစ် ချို့တဲ့မှုများပါက မိခင်တွင် သွေးအားနည်းရောဂါ ဖြစ်ပွားမှုနှုန်းကို အလွန်များစေပါသည်။
ထို့ကြောင့် ပုံမှန် အစားအစာ အပြင် ကိုယ်ဝန်ဆောင်မိခင် တစ်ယောက် အနေဖြင့် လိုအပ်သော အာဟာရဓာတ် ပြည့်ဝစွာ ပါဝင်သည့် အစားအစာများ ကို ရွေးချယ်စားသုံးသင့်ပါသည်။
ကိုယ်ဝန်ဆောင် မိခင်များ နှင့် နို့တိုက်မိခင်များ အနေဖြင့် အဓိက စားသုံးသင့်သော အာဟာရ များ မှာ –
ဒီအိပ်(ချ်)အေ – ဦးနှောက်ကောင်းစွာ ဖွံ့ဖြိုးမှု အတွက် အထောက်အကူပြုသည်။ (ငါးသေတ္တာ၊ ဆယ်လ်မွန်ငါး)
အသားဓာတ် – ခန္ဓာကိုယ် ဖွံ့ဖြိုးမှု အတွက် အထောက်အကူပြုသည်။ (ပေါင်မုန့်၊ အသား၊ ငါးနှင့် ပဲအမျိုးမျိုး)
ဖောလစ်အက်စစ် – အာရုံကြောပြွန် ချို့တဲ့ခြင်း ကို ကာကွယ်ပေးပါသည်။ (အစိမ်းရောင် ရှိသော အရွက်၊ အခွံမာသီး၊ ဟင်းသီးဟင်းရွက်၊ မုယောစပါး)
သံဓာတ် – သွေးအားနည်းခြင်း ကာကွယ်ပေးပြီး သွေးနီဥဖြစ်ပေါ်မှု ကို အထောက်အပံ့ ပေးပါသည်။ (အနီရောင်အသား၊ ပဲ၊ ပန်းဂေါ်ဖီ)
ကယ်လ်ဆီယမ် နှင့် ဗီတာမင်ဒီ – ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း အရိုး၊ အကြော ဖြစ်စဉ်များ ကို အထောက်အပံ့ ပေးပါသည်။ (ဒိန်ခဲ၊ ဒိန်ချဉ်၊ အရိုးပါ ငါးကလေးများ၊ နို့)
အမျှင်ဓာတ်ပါသော အစားအစာ – ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်း ကို ကာကွယ်ပေးပါသည်။ (ဟင်းသီးဟင်းရွက် နှင့် အသီးအနှံများ)
သင့်မိသားစု ကျန်းမာရေး အတွက် စိတ်ချရသည်မှာ ဆာကူရာ
အမှတ် (၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် ဖုန်းနံပါတ် – ၀၁၅၁၂၆၆၈