နှလုံးနှင့် သွေးကြောဆိုင်ရာ စစ်ဆေး၊ ကုသမှု အမျိုးမျိုးအတွက် အမေရိကန်နိုင်ငံအတွက် သွားရောက်ကုသရန် မလိုတော့ပါ။

နိုင်ငံတကာ အဆင့်မှီ နှလုံးနှင့် သွေးကြောဆိုင်ရာ စစ်ဆေး၊ ကုသမှုအမျိုးမျိုးကို အမေရိကန်နိုင်ငံမှ ဆရာဝန်ကြီးများကိုယ်တိုင် “ဆာကူရာဆေးရုံ” တွင် အချိန်နှင့် တပြေးညီ ဝန်ဆောင်မှုပေးနေပါသည်။

ရရှိနိုင်သော ဝန်ဆောင်မှုများ
၂၀၁၅ မတ်လမှစ၍
Coronary Angiogram,Angioplasty,Stent (နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်း၊ ချဲ့ခြင်း၊ ဒေါက်ထောက်ပေးခြင်း)
Coronary Athrectomy for Complex Lesions (၁၀၀% ပိတ်နေသော နှလုံးသွေးကြောအတွင်းရှိ ပိတ်စေသည့် အရာများကို ဖယ်ရှားပြီး ပြန်လည်ဖွင့်ပေးခြင်း)
Peripheral Angiogram, Angioplasty, Athrectomy and Stents for Severe Peripheral Vascular Disease (တစ်ကိုယ်လုံးရှိသွေးကြောများ “ဥပမာ – ဦးခေါင်း၊ ခြေ၊ လက်” အစရှိသည့် နေရာများ၌ ဖြစ်တတ်သော ဆိုးရွားစါာသွေးကြောပိတ်ခြင်းများအား သွေးကြောဓာတ်မှန်ရိုက်ခြင်း၊ ချဲ့ခြင်း၊ ပိတ်စေသည့်အရာများအား ဖယ်ရှားပေးခြင်း၊ သွေးကြောထောက်တိုင်ထည့်ပေးခြင်း)
Carotid Stents for Severe Carotid Stenosis (လည်ပင်းနားရှိနှလုံးမှ ဦးနှောက်သို့သွားသော ပင်မသွေးကြောပိတ်ခြင်းအတွက် သွေးကြောချဲ့ခြင်းနှင့် သွေးကြောထောက်ခြင်း)
Permanent Pacemaker Implantation (နှလုံးခုန်နှုန်းနှေးသူများ၊ မမှန်သူများအတွက် နှလုံးခုန်စက်ထည့်ပေးခြင်း)
Echocardiography for the Heart (နှလုံးရောဂါအမျိုးမျိုးအတွက် ECHO ရိုက်ပေးခြင်း)
Treadmill Stress Test (နှလုံးသွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုးအတွက် Exercise ECG/Treadmill ပြေးပေးခြင်း)
Treadmill Echocardiography for Cardiac Stress Test (နှလုံးသွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုးအတွက် Exercise ECG/Treadmill အပြင် Treadmill နှင့်တွဲ၍ ECHO ရိုက်ပေးခြင်း)
Vascular Ultrasound (သွေးကြောဆိုင်ရာ Ultrasound ရိုက်ပေးခြင်း)
မှတ်ချက်။ ။ ECHO ရိုက်စစ်ဆေးခြင်း၊ Exercise treadmill ပြေးခြင်း၊ TreadmilEcho ရိုက်ခြင်းနှင့် သွေးကြောဆိုင်ရာ Ultrasound ရိုက်ခြင်း စသည့် စစ်ဆေးမှုများအား အမေရိကန်နိုင်ငံမှ နှလုံးအထူးကုဆရာဝန်ကြီးများကိုယ်တိုင် စစ်ဆေးပေးမည်ဖြစ်ပြီး လိုအပ်ပါက အမေရိကန်နိုင်ငံသို့ စစ်ဆေးချက် အဖြေများကို ပို့ဆောင်ပြီး ထပ်မံစစ်ဆေးပေးမည် ဖြစ်ပါသည်။
၂၀၁၅ မတ်လမှစ၍
Varicose Veins Radiofrequency Ablation and Sclerotherapy (ခြေထောက်တွင် သွေးကြောထုံးခြင်းများကို အသံလှိုင်းဖြင့် ချေဖျက်ခြင်း၊ ဆေးထိုးကုသခြင်း၊)
ICD (Implantable Cardioverter Defibrillator Bi-Ventricular Pacemaker Implantation) (ခန္ဓာကိုယ်အရေပြားအောက်သို့ နှလုံးနှိုးစက်ထည့်ခြင်း)
၂၀၁၅ သြဂုတ်လ ပထမအပတ်မှစ၍
Rotablator for Complex Calcified Coronary Disease (နှလုံးသွေးကြောအတွင်း ခဲပြီးပိတ်နေသောအရာများကို စက်ဖြင့်ဖယ်ရှားခြင်း)
ASD Closure Device (မွေးရာပါ နှလုံးနံရံအပေါက်ပါသူများအား ခွဲစိတ်ရန်မလိုဘဲ ပိတ်ပေးခြင်း)