တီဘီဆိုတာဘာလဲ

တီဘီ ဘက်တီးရီးယားပိုုးကြောင့်ဖြစ်ပွား ရသည့်ကူးစက်ရောဂါဆိုးတစ်ခုဖြစ်ပြီး များသောအားဖြင့်အဆုတ်တွင်ဖြစ်သည်။

တီဘီ ဘယ်တုန်းကစတွေ့လဲ

၁၈၈၂ ခုနှစ် တွင်ဂျာမန်သမားတော် Robert Koch မှစတင်တွေ့ရှိပြီး Koch Lungs ဟုလည်းခေါ်ပါသည်။

ဘယ်လိုကူးစက်နိုင်သလဲ

ရောဂါသည်တစ်ဦး ချောင်းဆိုး၊နှာချေ၊စကားပြောသော အခါ လေထဲမှတဆင့် အခြားသူတစ်ဦး ထံကူးစက်ပါသည်။ မသန့်ရှင်းသော၊ ကျိုချက်မထားသော နွားနို့သောက်ခြင်းဖြင့် လည်းကူးစက်နိုင်ပါသည်။

ဘယ်လိုလူတွေ ပိုကူးစက်နို်င်သလဲ

ရောဂါသည်နှင့် အနီးကပ်နေထိုင်သူ ဆီးချို၊ကင်ဆာ၊ HIV လူနာရှင်များ မူးယစ်ဆေးသုံးသူများ၊ အာဟာရချို့တဲ့သူများ၊ အရက်စွဲနေသူများ၊ ကျန်းမာရေးဝန်ထမ်းများ

တီဘီရောဂါ လက္ခဏာများ

နှစ်ပတ်ထက်ပို၍ချောင်းဆိုးခြင်း ၊ချောင်းဆိုးသွေးပါခြင်း ၊အစားအသောက်ပျက်ခြင်း ၊မောပန်းလွယ်ခြင်း ၊ တဖြည်းဖြည်းပိန်လာခြင်း၊ ညနေပိုင်းတွင် တငွေ့ငွေ့ဖျားခြင်း စသည်တို့ ခံစားရတတ်ပါသည်။

ဘယ်လိုစစ်ဆေးသိရှိနို်င်သလဲ

သလိပ်စစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ Tuberculin Test နှင့် TB ICT တို့ဖြင့်စစ်ဆေးသိရှိနိုင်ပါသည်။

ဘယ်မှာကုသနိုင်သလဲ

နီးစပ်ရာ မြို့နယ်ကျန်းမာရေးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ဆေးရုံ နှင့် ဆေးပေးခန်းများ

ဘယ်လိုကာကွယ်မလဲ

အာဟာရပြည့်ဝ စေရန်စားသောက်နေထိုင်ခြင်း၊ အိမ်တွင်လေဝင်လေထွက်ကောင်းအောင်ထားခြင်း၊ နှာချေချောင်းဆိုးလျှင်အုပ်ဆိုးခြင်း၊ တီဘီရောဂါ သံသယရှိလျှင် လျင်မြန်စွာဆေးကုသမှု ခံယူခြင်း၊ ကျန်းမာရေးအသိပညာများဖြန့်ဝေပေးခြင်း သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာဆာကူရာ