နှလုံး နှင့် သွေးကြောဆိုင်ရာ ဝေဒနာခံစားနေရသူများနှင့် အများပြည်သူများအား နှလုံးနှင့်သွေးကြောဆိုင်ရာ ကျန်းမာရေးဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ဆာကူရာဆေးရုံ ရှိ Best Health Myanmar Cardiovascular group နှင့် KALBE INTERNATIONAL, Diabetasol တို့ပူးပေါင်းစီစဉ်၍ ၄.၁.၂၀၁၆ ( လွတ်လပ်ရေးနေ့) တွင် ဆာကူရာဆေးရုံ၌ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးကြောင့် ရုတ်တရက်သေဆုံးမှုများ အကြောင်း သိကောင်းစရာများ ၊ ခြေထောက်သွေးကြောထုံးခြင်း နှင့် ၄င်းကြောင့်ဖြစ်သော ခြေထောက်အနာများ အကြောင်းသိကောင်းစရာများ ကိုအမေရိကန်နိုင်ငံမှ နှလုံးနှင့်သွေးကြောအထူးကုဆရာဝန်ကြီး Dr.Henry C Yee @ ဒေါက်တာဦးခင်မောင်မြင့် မှ ဟောပြောဆွေးနွေးပေးခဲ့ပြီး ဧည့်သည်တော်များမှ သိလိုသည့်မေးခွန်းများကိုလည်းဖြေကြားပေးခဲ့ပါသည်။