RAHI (Retro-auricular Hairline Incision Approach) မျက်နှာနှင့်လည်ပင်းသည် လူ့ခန္ဓာကိုယ်၌ အလှအပနှင့်ပတ်သက်၍ အလွန်အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ကြသည်။ ကိုယ်ခန္ဓာနှင့် ခြေလက်တို့မှ အမာရွတ်များကို အဝတ်အစားဖြင့် အလွယ်တကူ ဖုံးကွယ်နိုင်သော်လည်း မျက်နှာနှင့်လည်ပင်းနေရာတို့မှ အမာရွတ်များကိုမူ ဖုံးကွယ်ရန် မလွယ်ကူပေ။ အမာရွတ်ငယ်လေးများသည်ပင်လျှင် အလှပျက်စေနိုင်သောကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ စိ်တ်မလုံခြုံမှုတို့ ဖြစ်စေတတ်ပါသည်။ ယခင်က ဦးခေါင်းပိုင်းနှင့်လည်ပင်းအပေါ်ပိုင်း အလုံးအကြိတ်ရောဂါများကို သမရိုးကျနည်းလမ်းများအတိုင်းခွဲစိတ်ကုသမှုပြီးနောက် လည်ပင်းနှင့်မျက်နှာတို့၌ အမာရွတ်ကြီးများ ထင်ကျန်ရစ်ခဲ့ကြသည်။

ယခုအခါ ထိုကဲ့သို့ အမာရွတ်ထင်ကျန်ရစ်ခြင်း ပြဿနာကို “နားနောက်ဆံစပ် ချုပ်ရိုးပျောက်ခွဲစိတ်နည်းပညာ” (RAHI – Retro-auricular Hairline Incision Approach) ဖြင့် အမာရွတ်မပေါ်အောင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ပြီ ဖြစ်ပါသည်။ အဆိုပါခွဲစိတ်နည်းပညာမှာ နားရွက်နောက် အရေပြားအတွန့်နေရာနှင့် ဆံစပ်တစ်လျှောက်၌ ခွဲစိတ်ခြင်းဖြစ်သောကြောင့် ခွဲစိတ်ပြီးဖြစ်ပေါ်လာသော အမာရွတ်မှာလည်း ဆံပင်နှင့်နားရွက်နောက်တို့၌ အလိုအလျောက်ဖုံးကွယ်ပြီးသား ဖြစ်သွားပါသည်။ ထို့ကြောင့် မျက်နှာနှင့်လည်ပင်းတို့၍ အလှပျက်စေသော အမာရွတ်များ မကျန်ရစ်ခဲ့ပါ။

ယင်း RAHI ချုပ်ရိုးပျောက်နည်းပညာဖြင့် မျက်နှာနှင့်မေးအောက် ပါးချိတ်ဂလင်းအကြိတ်များ၊ တံတွေးဂလင်းအကြိတ်များနှင့် လည်ပင်းအပေါ်ပိုင်းမှအလုံးအကြိတ်များကို အမာရွတ်မမြင်ရအောင် မိမိတို့၏ ဆာကူရာဆေးရုံတွင် ခေတ်မှီစက်ကိရိယာများ၊ ကျွမ်းကျင်သောအထူးကုဆရာဝန်ကြီး များ နှင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချရသည်မှာ ဆာကူရာ
ဆက်သွယ်ရန်။ အမှတ် (၂၃)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
Hot Line : 01- 512 668