First Aid for epilepsy

 

၁။ အထိတ်တလန့် မဖြစ်ပါစေနှင့်။

၂။ လူနာအား အန္တရာယ် မကျရောက်နိုင်သည့် နေရာတွင် လဲလျောင်းထားပါ။

၃။ လူနာအတွက် အန္တရာယ် ဖြစ်စေနိုင်သည့် အရာ မှန်သမျှ ဖယ်ရှားပစ်ပါ။

၄။ အဝတ်စခေါက် တစ်ခုကို လူနာ၏ ဦးခေါင်းအောက်တွင် ထားပေးပါ။

၅။ အဝတ်အစားများ တင်းကြပ်နေပါက ဖြေလျှော့ပေးပါ။

၆။ တက်နေသောလူနာအား ချုပ်မထားပါနှင့်။

၇။ လူနာ၏ ပါးစပ်ထဲသို့ မည်သည့်အရာမျှ မထည့်ပါနှင့်။

၈။ အတက်ကြာမြင့်သည့် အချိန်ကို မှတ်သားထားပါ။

၉။ သက်တောင့်သက်သာ အနေအထားဖြင့် အဆင်ပြေရာဘက်သို့ ဘေးစောင်း အနေအထား လှည့်ပေးပါ။

၁၀။ အတက်ကျသည့် အချိန်အထိ လူနာ၏ အနားတွင်သာ နေပါ။ လူနာအား အနားယူစေပါ။

၁၁။ လူနာသည် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ခု ရရှိခဲ့ပါက စနစ်တကျ ဆေးထည့်ပြီး ပတ်တီးစည်းပေးပါ။